ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ

ပြင်ဦးလွင်  ဒီဇင်ဘာ ၂၃ 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျပ်( ၃၈ ဒသမ ၉၈)သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်- ချောင်းကွေ့-ပန်းဦးတောင်ကျေးရွာချင်း ဆက်လမ်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒု သုံးလက်မ) နှင့် စည်သာ-စည်ကား-တွင်းငယ်ကျေးရွာချင်း ဆက်လမ်း ဂျင်းလမ်းခင်းပြုပြင်ခြင်းလုပ်ငန်း အရှည် ၀/၃.၅ မိုင်၊  အကျယ် ၁၈ ပေ၊ ဒုသုံး လက်မ) ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုလမ်း ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ်( ၁၉ ဒသမ ၆၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ဖို-ပန်းဦးတောင်-ကုန်းကော်ကျေးရွာချင်းဆက်လမ်း ဂျင်းခင်း ပြုပြင်ခြင်း လုပ်ငန်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒုလက်မ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းများကို အဆင့်မြင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်‌ကား‌ရေးတို့ကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)