မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိ

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၌ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ ၁၇၀၇၃ ဦးရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာ ထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အခက်ခဲမရှိစေရန် အုပ်စုများဖွဲ့ကာ သတ်မှတ်ရက်များတွင်း အလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရန်တွင် အခက်ခဲမရှိစေရန်၊ အဆင်ပြေချောမွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပင်စင်ထုတ်ယူရာတွင် လစဉ် (၂၁) ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)