ဗိုလ်တထောင် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူစည်ကားရာနေရာများသို့ လှုံ့ဆော်မှု (Campaign) များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဘိုကလေးစျေးကားမှတ်တိုင်၊ အမှတ် (၇) ရပ်ကွက် (၄၂) လမ်း၊ ဘိုကလေးစျေး (လဟာပြင်)၊ အမှတ် (၆) ရပ်ကွက် (၄၃) လမ်း စသည့် လူစည်ကားသည့် နေရာများရှိ လမ်းဘေးစျေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ထိုရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေးလှုံ့ဆော်မှု (Campaign) များ ဆောင်ရွက်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ ၊မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းအင်အား ၅၀ ဦးခန့်ဖြင့် "ဒို့အတူတူမဲပေးကြမယ်" စာသားပါ လက်ကမ်းစာစောင်အစောင်ရေ (၂၀၀၀) ခန့်အား (အခမဲ့) ဖြန့်ဝေပေးခြင်း၊ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)