မိုးညို ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ယမန်နေ့က စတင်၍ ထုတ်ပြန်ကြေညာထားရှိသည်။
တတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန် ကြေညာထားခြင်းကို ဒီဇင်ဘာလ(၂၃)ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့အထိ (၁၄)ရက်ကြာ ထုတ်ပြန်ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးမည့်စာရင်းတွင် မိမိအမည်ပါ/မပါ၊ မှတ်ပုံတင်အမှတ်၊ အဘအမည်၊ နေရပ်စသည့် အချက်အလက်များကွဲလွဲမှု ရှိ/မရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ လာရောက်ကြည့်ရှုစစ်ဆေးနိုင်ပြီး ကွဲလွဲမှုရှိပါက ပြင်ဆင်ရမည့်ပုံစံများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)