သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံသရက်ကျောင်း၌ “ဒို့အတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက် ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံသရက်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အစိုးရစက်မှုလက်မှုသိပ္ပံ သရက်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား "ဒို့အတူ မဲပေးကြမယ်" လက်ကမ်းစာစောင်ပါ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့နှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”   လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)