ဒက္ခိဏသီရိမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ဒက္ခိဏ ဒီဇင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိမှုရှိ/မရှိ ကြည့်ရှုနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ်ကပ်ထားကြေညာခြင်းကို ဒီဇင်ဘာလ(၂၃) ရက်နေ့မှ (၂၈)ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့်အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင် (၆)ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

အောင်သူရဦး(ဒက္ခိဏ)