ဖယ်ခုံမြို့၌ မဲဆန္ဒရှင်စာရင်း တတိယအကြိမ် ကပ်ထားကြေညာ

ဖယ်ခုံ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း တတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဖယ်ခုံမြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ ကြေညာဘုတ်များ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်အတွက် မဲရုံ(၈)ရုံ၊ ကျေးရွာအုပ်စုတွင် မဲရုံ(၂)ရုံနှင့် တပ်မဲရုံ(၂)ရုံ စုစုပေါင်း(၁၂)ရုံရှိပြီး ပြည်သူများအား ဆန္ဒ‌မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မိမိတို့အမည်စာရင်းပါ/မပါ သွားရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက နှိုးဆော်တိုက်တွန်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်း‌ရွှေ၊ မြို့နယ်ကော်ရှင်အဖွဲခွဲအတွင်းရေးမှူး ဒေါ်ထက်ထက်မိုးနှင့်အဖွဲ့ဝင်များက  ရပ်ကွက်/ကျေးရွာများအလိုက် ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းအား ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ (၂၃-၁၂-၂၀၂၅)ရက်နေ့‌မှ (၅-၁-၂၀၂၆)ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်၊ပြန်/ဆက်)