ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရုံများလျာ ထားပြင်ဆင်ထားခြင်းများ  တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဝောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေ ညာခြင်း ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများနှင့် မဲရုံများလျာထားပြင်ဆင်ထားမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) ဒေါ်ဖြူဖြူဥ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးတင့်နိုင်တို့က ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဝဏ္ဏ အဖွဲ့ဝင် ဦးထွန်းလင်းနိုင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) ဒေါ်ဖြူဖြူဥ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးတင့်နိုင်တို့က  တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ ထားရှိမှုကို လာရောက်ကြည့်ရှုကြသည့် ၅၃၊ ၅၄၊ ၅၅၊ ၇၀၊ ၇၁ ရပ်ကွက်များမှ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး မဲဆန္ဒရှင်ပြည်သူများ  မဲစာရင်းများအလွယ်တကူ ကြည့်ရှုနိုင် ရေးပြင်ဆင်ထားမှုများ၊ ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများနှင့် မဲရုံများလျာထားပြင် ဆင်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။

 သန်းသန်းအေး(ပြန်/ဆက်)