ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈  နာရီက  အမှတ်(၉၄) ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ စစ်ရေးပြမှူးမှ ဦးဆောင်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအား အလေးပြုကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆို၍ ပြိုင်ပွဲဝင်များအား ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။ ဆက်လက်၍ ရွှေတောင်ဦး ဇေယျသိဒ္ဓိ ကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ် အားကစားမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

  ဖြိုးစန္ဒာ(ပြန်/ဆက်)