ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်၊ ဆန်၊ ဆီနှင့်စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ   ၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်အနားကို တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအား ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက် ကုန်များကိုပေးအပ်ကြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ကတပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ် တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စား သောက်ကုန်များ ပေးအပ်ပွဲ အခမ်အနားကို မှော်ဘီမြို့နယ်၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအား ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စား သောက်ကုန်များကို ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်အတွင်းရှိ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စား သောက်ကုန်များ ပေးအပ်ပွဲ အခမ်အနားကို ရွှေပြည်သာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအား ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စား သောက်ကုန်များကို ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဇွဲထက်ကို(ပြန်/ဆက်)