တပ်ကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျထုတ်ပေး

တပ်ကုန်း  ဒီဇင်ဘာ  ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်၍ မြို့နယ်အောင်ဆန်းခန်းမတွင် ထုတ်ပေးခဲ့သည်။

အဆိုပါ MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအားရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅)အုပ်စုမှ မဲရုံ(၁၂၈)ရုံအတွက် မဲရုံတာဝန်ခံများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျအပ်နှံထုတ်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်