လွိုင်လင် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပသည့် ပါတီစုံဒီမိုကရေးစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရာ လွိုင်လင်မြို့နယ်သည်လည်း အပါအဝင်ဖြစ်ရာ ယနေ့ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုပရေစီအထွေထွေရွေးကောက်ပွဲကို နံနက်(၆) နာရီကစတင်၍ မဲရုံများဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိ ပြည်သူများမှ သက်ဆိုင်ရာမဲရုံများ၌ တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း၊ အသင်းအစုအဖွဲ့များနှင့်လည်းကောင်း၊ တည်ငြိမ်အေးချမ်းစွာဆန္ဒမဲများ လာရောက်ပေးလျက်ရှိသည်။
လွိုင်လင်မြို့နယ်တွင် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၁၇၁၅ ဦးရှိကြောင်းနှင့် မဲရုံပေါင်း (၆၈) ရုံဖွင့်လှစ်ထားကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)