မူဆယ် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မဲရုံအသီးသီးတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မူဆယ်မြို့၊ မြို့ပေါ် ၉ ရပ်ကွက်ရှိ လူငယ်ဇရပ်များ၊ အခြေခံပညာကျောင်းများတွင် မဲရုံပေါင်း ၁၈ ရုံဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ၊ လွတ်လပ်ပျော်ရွှင်စွာဖြင့် ဆန္ဒမဲများ လာရောက်ပေးကြပြီး၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား မဲရုံအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက လိုက်လံကူညီပေးကြကြောင်း သိရသည်။
အဆိုပါမဲရုံများတွင် သက်ဆိုင်ရာပါတီကိုယ်စားလှယ်များက ပြည်သူများမဲပေးနေမှုကို ကြည့်ရှုနေကြောင်းနှင့် မူဆယ်မြို့အတွင်း အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၄၄၀၆၀ ဦးရှိကြောင်း မြို့နယ်ကော်မရှင်ရုံးမှ သိရသည်။
ချယ်ရီမြေ