တောင်ငူ ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ မဲရုံ (၁၄၂)ရုံ၌ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရေးအတွက် ယနေ့နံနက် (၆)နာရီမှစ၍ ပြည်သူများမဲပေးကြသည်။
တောင်ငူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်( ၂၃)ခု၊ ကျေးရွာအုပ်စု (၃၃)စုတို့ရှိ မဲရုံ (၁၄၂) ရုံတွင် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ တိုင်းရင်းသားလွှတ်တော်၊ သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ(၈)ခုမှ ကိုယ်စားလှယ်လောင်းများကို နံနက် (၆)နာရီမှ ညနေ (၄)နာရီအထိ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)