လယ်ဝေး ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌လည်း စတင်ကျင်းပလျက်ရှိသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။
လယ်ဝေးမြို့နယ်တွင် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၀ အုပ်စုတွင် မဲရုံပေါင်း ၁၅၁ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၃၀၂၃၁ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)