မင်္ဂလာဒုံမြို့နယ်တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိ

မင်္ဂလာဒုံ ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝငါသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက် (၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်အနေဖြင့် ရပ်ကွက် (၂၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) အုပ်စုတွင် မဲရုံပေါင်း (၁၄၄) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

မင်းသိန်းထွန်း