မိုင်းဆတ် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်က မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာ မဲရုံများသို့ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၅)အုပ်စုရှိပြီး မဲရုံ(၇၀)ရုံနှင့် အသက်(၁၈)နှစ် ပြည့်ပြီး မဲဆန္ဒရှင်ပြည်သူ(၅၀၇၀၈)ဦးရှိကာ ယနေ့နံနက် ၆ နာရီ မဲရုံဖွင့်ချိန်မှစ၍ မဲဆန္ဒရှင် ပြည်သူများ မိမိတို့သက်ဆိုင်ရာ မဲရုံများသို့ လာရောက် မဲပေးလျက်ရှိရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)