ပျဉ်းမနား ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မဲဆန္ဒရှင် ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှကစတင်၍ လွတ်လပ်စွာ ဆန္ဒမဲပေး လျက်ရှိသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော် တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ် ဆင်ကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် မဲရုံပေါင်း (၉၆) ရုံ ဖွင့်လှစ်ထားရှိပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)