ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး Polytechnic University (Myitkyina) ခရစ္စမတ်ပွဲတော်နှင့် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေး၊ အခြေခံစားသောက်ကုန်များ ‌ထောက်ပံ့ပေးအပ်

Polythenic University (Myitkyina) ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ရွေးကောက်ပွဲလမ်းညွှန်မှုဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်၌ မြို့နယ်အတွင်းရှိ မဲရုံ(၂၆၅)ရုံတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွန်မှုများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငပုတောမြို့နယ်အား ၂၀၂၅-၂၀၂၆ ခုနှစ် Clean City Green City ဆုရွေးချယ်နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အား ၂၀၂၅-၂၀၂၆ ခုနှစ် Clean City, Green City ဆုရွေးချယ်နိုင်ရေးအတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်အချိန်က ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကျင်းပ

စစ်ကိုင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပိုးတန်းဓမ္မာရုံ၌ကျင်းပရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌  ဒီဇင်ဘာ ၃၁ ရက်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၃၁ ရက်က ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် အမှတ်(၁)ဈေးရှိပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ကန့်ဘလူ၌ ( ၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ မြို့နယ်ပေါင်းစုံ အခြေခံပညာအဆင့် ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ (၃)(၄)နှင့် Fitness Exercise ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အခြေခံပညာအဆင့် ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့် ခန်းအတွဲ (၃) (၄) နှင့် Fitness Exercise ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင် မိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်တွင် လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန် နေကြာမျိုးစေ့များပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာလယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန် နေကြမျိုးစေ့များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပေးအပ်ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အ-ထ-က (စဉ့်ကိုင်) ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to