ကျိုင်းတုံမြို့၌ မူခင်းလျော့နည်းကျဆင်းရေး၊ BAR နှင့် KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေး  အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေး၊ BAR နှင့် KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် အဖွဲ့ဝင်များ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈)နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့ရှောင်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားရန် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းအား မိတ္ထီလာမြို့ ရှောင်လမ်းအဖြစ် အဆင့်မြှင်တင်တည်ဆောက်သွားရန်အတွက် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်က ဂွေ့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ အခြေခံပညာကျောင်းများမှ KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေး

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.ကခွဲ(၁)နှင့် အ.လ.က(၁)ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းသဘင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌၊ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် (KG) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ်၊ (KG)ကျောင်းသား၊ ကျောင်းသူများအား၊ ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းအုပ်စုရှိ၊ (အ.လ.က-ခွဲ ခေါင်ခမ်း)၊ (အ.လ.က -တာပတောင်း)၊ (အ.လ.က- ခွဲ -နားသဲ) (မူလွန် -နားနှုံး၊) (မူလွန်- ပါမလုံ) ကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ အဆိုပါကျောင်းများတွင် ကျွေးမွေးခဲ့‌ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ ပန်းအလှပြုပြင်နည်းသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပန်းအလှပြုပြင်ခြင်းသင်တန်းကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက ဖွင့်လှစ်ခဲ့‌‌ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နန်ချွန် (တောင်) ကျေးရွာဆည်မြောင်းရုံးရှိ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါဌာန၏ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ စိစစ်ရေးကော်မတီအစည်းအဝေး တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာမူကြမ်းပါ အချက်အလက်များနှင့်စပ်လျဉ်း၍ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-2 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to