ကျွန်းလှမြို့နယ်တွင် လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန် နေကြာမျိုးစေ့များပေးအပ်

ကျွန်းလှ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာလယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန် နေကြမျိုးစေ့များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပေးအပ်ကြောင်း သိရသည်။

ဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ဆောင်းသီးနှံစိုက်ပျိုးရာ သီစိုက်ပျိုးသော သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာရမည့် နည်းလမ်းများနှင့် နေကြာမျိုးစေ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လယ်ရိတ်သိမ်းပြီးသီးထပ်အဖြစ် နေကြာစိုက်ပျိုးကြမည့်တောင်သူများအား တစ်ဧကလျှင် ရေဆင်းစပ်မျိုးနေကြာ - ၁ မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ