ငပုတော ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အား ၂၀၂၅-၂၀၂၆ ခုနှစ် Clean City, Green City ဆုရွေးချယ်နိုင်ရေးအတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်အချိန်က ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ မြို့အဝင်ဆိုင်းဘုတ်များ သပ်ရပ်လှပအောင် ဆောင်ရွက်ထားရှိမှု၊ မြို့ဝင်လမ်းဘေး(ဝဲ၊ယာ)ရှိ မြေခင်းအလှနှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ အများပြည်သူအပန်းဖြေ အနားယူနိုင်ရေး အပန်းဖြေပန်းခြံများ သစ်လွင်တောက်ပအောင် ဆောင်ရွက်ထားရှိမှုနှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ မြို့မပျိုးဥယျာဉ်တွင် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ မြို့တွင်းလမ်းမကြီးများ သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်စွန့်ပစ်မှုမရှိစေရေး ရေမြောင်းများဆောင်ရွက်ထားရှိမှု၊ သတိပေးဆိုင်းဘုတ်များ၊ လမ်းမီးများတပ်ဆင်ထားရှိမှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအတွင်း ပုံသွင်းပင်များ၊ ပန်းအလှပင်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှု၊မြို့တွင်းနှင့် ကားဝန်းအတွင်း အမှိုက်ပုံး ဆောင်ရွက်ရှိမှု၊ အမှိုက်ကွင်းတွင် အမှိုက်စနစ်တကျ စွန့်ပစ်မှုရှိစေရေး ဆောင်ရွက်ထားရှိမှူကို စစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နီလာဦးနှင့်တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများကို လိုက်လံပြသရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အောင်သူ