စစ်ကိုင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၃၁

စစ်ကိုင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပိုးတန်းဓမ္မာရုံ၌ကျင်းပရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာလင်လင်းချစ်က သားကောင်း မိခင်နှင့်ကလေးပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြသည်။

ထို့နောက် စစ်ကိုင်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် တာဝန်ရှိသူများက သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် ခြောက်လ၊ ခြောက်လမှ တစ်နှစ်၊ တစ်နှစ်မှ နှစ်နှစ်နှင့် သားကောင်းမိခင်ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်မိခင်နှင့်ကလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြပြီး အဆိုပါပြိုင်ပွဲသို့ မိခင်နှင့်ကလေး (၈၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်