ကန့်ဘလူ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၃ သင်းအား သုံးသင်း ( ၃) အုပ်စုနှင့် လေးသင်း (၁)အုပ်စုဖြင့် အုပ်စုပွဲများစတင်ယှဥ်ပြိုင်ကစားကြရာတွင် အုပ်စု( A)မှ EPC- 1. အသင်းနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ ယှဥ်ပြိုင်ကစားရာတွင် EPC- 1 အသင်းက ၁၀ ဂိုး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကျန်အသင်းများ ဆက်လက်ယှဥ်ပြိုင်လျက်ရှိသည်။
ထို့ပြင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် စားပွဲတင်တင်းနစ်(လူကြီး/လူငယ်)အသင်း၊ ကြက်တောင်ရိုက်၊ ဘိလိ ယက်စနုကာအားကစားနည်းများပါဝင်ကာ သက်ဆိုင်ရာနေရာများ၌ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း