တောင်တွင်းကြီးမြို့နယ်ရှိ ပြည်သူစာကြည့်တိုက်သို့ ပန်းချီကားများ လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်ထားသည့် ပြတိုက်ငယ် (Mini Museum) အတွက် ဝါးစိမ်းနီပန်းချီဆရာများအသင်းမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ပန်းချီကားများ လာရောက်လှူဒါန်းကြောင်း သိရသည်။