ကျောက်ဆည်မြို့နယ်တွင် ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက နွေစပါးနှင့်နွေနှမ်းစိုက်တောင်သူများအား ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတစ်ဝန်းလုံး၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စုရပ်သတ်မှတ်ဆောင်ရွက်ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်အောင်မြို့ မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီး မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နေ့လယ်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနှင့် ဆင်ဆိပ်ကျေးရွာတို့တွင် ကျွဲ/နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကြက်ခြေနီအသိပညာပြန့်ပွားရေးနှင့် ပြန်ကြားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်များ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေးနှင့် ပြန်ကြားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်များ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးဖွင့်ပွဲကို ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ကျိုင်းတုံမြို့၌ မူခင်းလျော့နည်းကျဆင်းရေး၊ BAR နှင့် KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေး  အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေး၊ BAR နှင့် KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် အဖွဲ့ဝင်များ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈)နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့ရှောင်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားရန် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းအား မိတ္ထီလာမြို့ ရှောင်လမ်းအဖြစ် အဆင့်မြှင်တင်တည်ဆောက်သွားရန်အတွက် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်က ဂွေ့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ အခြေခံပညာကျောင်းများမှ KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေး

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.ကခွဲ(၁)နှင့် အ.လ.က(၁)ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းသဘင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ပထမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to