ဘားအံ ဒီဇင်ဘာ ၃၁
၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အခြေခံပညာအဆင့် ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့် ခန်းအတွဲ (၃) (၄) နှင့် Fitness Exercise ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင် မိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးဦး စောထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုပြီးနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်အသင်းများအား ချီးမြှင့်ငွေများပေးအပ်ကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကြောင်းသိရသည်။
မြို့နယ်ပေါင်းစုံ အခြေခံပညာအဆင့် ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းပြိုင်ပွဲကို ကရင်ပြည်နယ်အတွင်း မြို့နယ်ခုနစ်မြို့နယ်ရှိ အခြေခံ ပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၇)သင်း အားကစားသမား (၂၀၀)ကျော်ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)