နတ်တလင်းမြို့၌ ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များ အပူဇော်ခံပွဲကျင်းပမည်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များ အပူဇော်ခံပွဲကို သကျမဟာမြတ်မုနိ ဘုရားကြီး သာသနာ့ဗိမ္မာန်တော်ကြီးတွင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။