ရွှေဘိုမြို့ ရန်ကြီး​အောင် ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ယာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး​ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူမြို့နယ်၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပခုက္ကူ ဇန်နဝါရီ ၂၅ ခရိုင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား တည်ဆောက်ပြီးစီးနေမှုအခြေအနေ၊ မြို့တွင်းလမ်းများ သန့်ရှင်းသပ်ရပ်မှုနှင့် ယာဉ်ကြောပြအမှတ်အသားများ ထင်ရှားစေရန် သန့်ရှင်းနေမှုများအားလိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးရာ ဝန်ကြီး မြို့တော်ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား ပြန်လည်ဆောက်ပြီးစီးနေမှုနှင့် မြို့တွင်းလမ်းမကြီးများသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆေးကြောသန့်ရှင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ယွန်းလျှံမြန်မာလယ်ယာသစ်တော ကုမ္ပဏီလီမိတက် တာဝန်ရှိသူများမှ Agro(+)Project ဆောင်ရွက်နေမှုများအား ရှင်းလင်းပြသသည့် အခမ်းအနားသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့အား ယွန်းလျှံမြန်မာလယ်ယာ သစ်တောကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက Agro(+) Project ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် အရည်အသွေးကောင်းသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သဘာဝစိုက်ပျိုးရေးသွင်းအားစုများထုတ်လုပ်သုံးစွဲရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သဘာဝစိုက်ပျိုးရေးသွင်းအားစုများ ထုတ်လုပ်သုံးစွဲရေး တောင်သူအသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု၊ သာဂရကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်၌ ကျေးလက်တံတား ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ဇီးကွဲ-အုန်းပင်ခြံကျေးရွာချင်းဆက် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးသူဇာလှ၊ မြို့နယ်တာဝန်ခံ ဒေါ်စုမွန်ဖွေးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၁) စီးနှင့် ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက်  ည ၅ နာရီ ၃၅ မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to