ပေါင်းတည်၌ အခြေခံပညာကျောင်း ၉၁ ကျောင်းရှိ KG တန်း ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင့်ရေးအသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(‌၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀  နာရီအချိန် အဆိုပါကျောင်းရှိ  မြကန်သာခန်းမတွင် ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်များ ရရှိအောင်စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီဝင်များ၊ အားကစားဝါသနာရှင်များနှင့် အားကစားနည်းအလိုက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။

လပွတ္တာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးသွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရွှေပြည်သာကျေးရွာ ဇေယျသုခိတာရာမကျောင်းတိုက်၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော နွေစပါးသွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံနည်းပညာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ ဘာသာရပ်ပေါင်းစုံ စုပေါင်းသွေးလှူဒါန်း

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံနည်းပညာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ ဘာသာရပ်ပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သွေးလှူဘဏ်ဌာနခွဲ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေး၍ သွေလှူရှင်များအား အာဟာရဖြည့်စွက်အစားအစားများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ညောင်ရွှေမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် ပရိတ်သတ်လူပုံအလယ် ပြောဆိုဆွေးနွေးတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေနွေးပွဲကို ယနေ့ နေ့လယ် (၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့  မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ ဆောင်းသီးနှံနေကြာ ဖြစ်ထွန်းအောင်မြင်နေမှုများအား ကွင်းဆင်းကြည့်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆောင်းသီးနှံ နေကြာဖြစ်ထွန်းအောင်မြင်နေမှုများအား ယနေ့နံနက်ပိုင်းက ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ KG ကျောင်းသားကလေးငယ်များအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အာဟာရပြည့်ဝစေရန် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ KG ကလေးငယ်များ အာဟာရ(ပထမအကြိမ်)ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)ညောင်အိုင်နှင့် အ.လ.က(၅)ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to