ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မဲပေးစက်များ ပြန်လည်အပ်နှံထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိရာနေရာသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် အသုံးပြုခဲ့သော မြစ်မာအီလက်ထရောနစ် မဲပေးစက်များကို စနစ်တကျ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မီးသတ်စခန်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူဖြည့်တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေး စက်ကိရိယာများနှင့် မီးငြိမ်းသက်ယာဉ်၊ ရေသယ်ယာဉ်များအား သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးမီးသတ်စခန်းသို့ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီရောက်ရှိ တော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသက်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင် ဆင်ထားရှိမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့် တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် တိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

မင်ဘူးမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုပ်စည်းထိုးကစားခြင်းနှင့်၊ ဘောလီဘော အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြည်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ထုတ်ဝေသည့် အသိပညာပေး “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်မြို့ရှိ ရပ်ကွက်/ကျေးရွာပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်သည်။

အမရပူရမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အမရပူရခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာယီအစည်းအဝေးခန်းမ၌ကျင်းပရာ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ် တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နေ့ထူး၊ နေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲသတိရနေစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့နယ်ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာရှိ အောင်သပြေလယ်ယာနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းက စိုက်ပျိုးထားရှိသောဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ခင်းများသို့ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဘိုကလေးမြို့နယ်၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်များအား ယမန်နေ့ညနေ (၃) နာရီခွဲအချိန်၌ လပ္ပတ္တာမြို့နယ်မှတစ်ဆင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ မဲပေးစက်များအား ဘိုကလေးမြို့နယ် အောင်တော်မူဘုရားတန်ဆောင်းအတွင်း၌ လက်ခံထားသိုသိမ်းဆည်း ခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ်၊ အ.ထ.က(ဆိပ်သာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အခြေခံပညာကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ကာ ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to