စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်
အမှတ် (၁၇) ယာဉ်ထိန်းရဲ ရဲတပ်ဖွဲ့ခွဲ (စစ်ကိုင်း)၊ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း) မှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ (၂) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မဈေးမီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။