အလုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

အလုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ အလုံ ဖေဖော်ဝါရီ ၂ သိမ့်သိမ့်သူ

တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၂၃) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ယခင် မက်သဒစ် အ.လ.က မြို့မ)ကျောင်းတွင် သင်ကြားပေးခဲ့ကြသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးအပေါင်းတို့အား မြတ်ဆရာဂါဝရသဘင်ဆင်ယင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (၂) မြို့မတွံတေး ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ  ပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွာသာကြီးရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ဖူးမြော်ကြည်ညို ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ညောင်ရွှေမြို့နယ်၌ ကမ္ဘာရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများ ကာကွယ်စို့ (Protecting Wetlands For Our Common Future) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွှေရန်ပြေ ကျေးရွာရှိ MAB-EEC ဇီဝအဝန်းနယ်မြေ ပညာပေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် ၁၃ ရပ်ကွက်၊ အောင်ချမ်းသာလမ်းနှင့် မြနန္ဒာလမ်းထောင့်၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်‌ ဇေယျာသီရိစာသင်တိုက်တွင် ဗုဒ္ဓစာပေဓမ္မစကူးလ် သင်တန်းဆင်းအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ဇေယျာသီရိစာသင်တိုက်အတွင်း နှစ်စဉ်သင်ကြားလျက်ရှိသော ယခုနှစ် ၂၀၂၄-၂၀၂၅ခုနှစ် ပညာသင်နှစ် ဗုဒ္ဓစာပေဓမ္မစကူးလ် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်

အမှတ် (၁၇) ယာဉ်ထိန်းရဲ ရဲတပ်ဖွဲ့ခွဲ (စစ်ကိုင်း)၊ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း) မှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ (၂) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မဈေးမီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့်ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to