တပ်ကုန်းမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အ​​ခြခံပညာအထက်တန်း​ကျောင်း၊ ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် မူလတန်းကြိုကျောင်း၌ ကလေးငယ်များကာယစွမ်းရည်ပြိုင်ပွဲ လူရွေးပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးငယ်များ ကိုယ်ကာယကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းကာယ စွမ်းရည်ပြိုင်ပွဲ လူရွေးပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက်(၉)နာရီခွဲက မြစ်သားမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။  

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(စဉ့်ကိုင်) Rescue BaGyan မှ ကယ်ဆယ်ရေးပစ္စည်းများပြသ၍ လက်တွေ့အသုံးပြု သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းသဇင်(၄)ထပ်ဆောင်၌ ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(စဉ့်ကိုင်) Rescue BaGyan မှ ကယ်ဆယ်ရေးသုံးပစ္စည်းများပြသ၍  လက်တွေ့အသုံးပြုခြင်းများ သရုပ်ပြသခဲ့ကြောင်း သိရသည်။  

မိုင်းတုံမြို့၌ မဲရုဲမှူး၊ ဒုတိယမဲရုံမှူး၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၊ မဲစာရင်းစစ်‌ဆေးသူ၊ မင်တို့သူ၊ မဲရုံလုံခြုံ‌ရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းမဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ စက်ကိုင်သူ၊ မဲစာရင်းစစ်‌ဆေးသူ၊ မင်တို့သူ၊ မဲရုံလုံခြုံ‌ရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း (၁၂) ကြိမ်မြောက် နှစ်ပတ်လည် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည်ဆုနှင့် သဘင်အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲက ပိတောက်ဆောင်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

နေပြည်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျောက်ပုံးရိုက် လုပ်သားသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်နေမှုနှင့် အသစ်ဆောက်လုပ်‌နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျောက်ပုံးရိုက် လုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်ကြားရေးစင်တာတွင် ပို့ချမည့် ကျန်းမာရေးမှူး-၃ (ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၁) Off-campus (၃)လ  (ဒုတိယအသုတ်)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်ကြားရေးစင်တာတွင် ပို့ချမည့် ကျန်းမာရေးမှူး- ၃ (ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၁)Off-campus (၃)လ (ဒုတိယအသုတ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးမှူး-၃(ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေး

ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to