တန့်ယန်းမြို့နယ်တွင် KG - ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းကျန်းမာရေးနှင့် အာဟာရဌာနခွဲ၏ KG - ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖွံ့ဖြိုးရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာ ဗဟုသုတနားလည်သိရှိမှုအား လေ့လာဆန်းစစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မနောရွှေပြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၌ (၄၇) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလတွင် အမှတ် (၁) ရပ်ကွက်ရှိ ရှင်ပင်စက္ကိန်းတဲဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ပလောက်မြို့တွင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်  Pfizer ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီကစ၍ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ သီးနှံအာမခံထားရှိသည့် တောင်သူများအား မိုးရေချိန်စံညွှန်းကိန်း ကျော်လွန်ခြင်းအတွက် လျော်ကြေးငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိသည့်တောင်သူများသို့ သတ်မှတ်ထားရှိသည့် မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းဂုဏ်‌ဆောင် ပြေးခုန်ပစ်ကစားသမားများ‌အား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

၂၀၂၅ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသော အ.ထ.က(ခွဲ) အ.လ.က(၂)မှ ပြေးခုန်ပစ်အားကစားသမားများအား အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများက နွေး‌ထွေးစွာ ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး ဧက ၁၀၀ စိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး ဧက ၁၀၀ ကို ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေများ ရယူ၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာပေါင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ မြေစိုက်ပိုစတာ စိုက်ထူခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့၊ အမျိုးသားရေးဦးတည်ချက်များပါ မြေစိုက်ပိုစတာကို ယမန်နေ့ ည‌နေ ၄ နာရီအချိန်က မြို့အဝင်၊ မြို့ဦးကျောင်းလမ်းထိပ်၌ ပူးပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

လဲချားမြို့နယ် အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to