ပွင့်ဖြူမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လျှပ်စစ်ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော မြို့ပတ်လမ်းပေါ်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။