မဟာအောင်မြေ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၌ ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ဖြင့် လှည့်လည်ပြသခြင်းကို ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက လှည့်လည်ပြသသည်။
အဆိုပါ လှည့်လည်ပြသမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်ကာ မြို့နယ်အတွင်းရှိအများပြည်သူများအနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်နှင့် ရပ်ကွက်နေပြည်သူများ တာဝန်ကျမဲရုံများသို့ သွားရောက်ကာ မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲများသွားရောက်ပေး နိုင်စေရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်စေရန် ရည်ရွယ်၍ LED ပိုစတာကြော်ငြာဘုတ်ဖြင့် လှည့်လည်ပြသခြင်းများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း