ခမောက်ကြီးမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်

ခမောက်ကြီး ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ယာဥ်မောင်းနှင်သူများသည် သတ်မှတ်ထားသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးနိုင်ရေးနှင့် ယာဥ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၈ နာရီက ပြည်ထောင်စုကားလမ်းမကြီး စည်ပင်သာယာပန်းခြံအရှေ့၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်ဉီးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မော်တော်ယာဥ်များအား ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင်၊ ခါးပတ်ကြိုး၊ ယာဥ်ဘတ်မှန်၊ ယာဥ်မောင်းနှင်းသည့်နှုန်း၊ ယာဥ်ဘီးကြံ့ခိုင်မှုနှင့် သတ်မှတ်ထားသည့်အချက်များကို စစ်ဆေးဆောင်ရွက်သည်။

အဆိုပါဆောင်ရွက်ခြင်းသည် ယာဥ်မောင်းနှင်းသူများနှင့် ခရီးသွားလာပြည်သူများ ယာဥ်အန္တရာယ်ကင်းဝေးရေး သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေး စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)