ကျွန်းစုမြို့နယ်၌ မဲရုံဖွင့်လှစ်မည့် အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေး

ကျွန်းစု ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မဲရုံဖွင့်လှစ်မည့် အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် ဇန်နဝါရီလ ၈ နံနက်ပိုင်းက မဲရုံအဖြစ် ဖွင့်လှစ်မည့် ကျွန်းစုမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဆောင်ရွက်သည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးဘေးလုံခြုံရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းများ အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြု‌နေမှုများ၊ ရေစည်/ရေကန်များအား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)