လသာမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂) အတွက် Tablet အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရေး သင်တန်းပို့ချ

လသာ ဇန်နဝါရီ ၈

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အပိုင်း (၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် Tablet အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရေးသင်တန်းကို ယနေ့ နေ့လယ်ပိုင်းအချိန်တွင် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းသင်ကြားပို့ချမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များက ဦးဆောင်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းများ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ သင်တန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် ရွေးကောက်ပွဲနေ့တွင် Tablet/Laptop အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များ ရှာဖွေပေးရန် တာဝန်ထမ်းဆောင်မည့် Volunteer များအား မဲစာရင်းရှာဖွေရေးစနစ် အသုံးပြုပုံ၊ လုပ်ငန်းစဉ်များကို စနစ်တကျနားလည်စေရန် အလေးထား၍ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)