ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လှိုင်မြို့နယ်အတွင်းသို့ (အခမဲ့) ကွင်းဆင်းကုသ

လှိုင် ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယနေ့ နံနက် (၈) နာရီအချိန်က အမှတ် (၁၂) ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ လှိုင်စင်တာ၌ ရပ်ကွက်နေပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆေးကုသရာသို့ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်‌ရှောက်ရေးအသင်းအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအား‌ပေးခဲ့ကြသည်။ ထို့နောက် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်တွင် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဒေါက်တာဝေဆင့်ကျော်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့မှ အထူးကုဆရာဝန်ကြီးများက ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာဗဟုသုတများ အသိပညာပေးဟောပြောပေးခြင်း၊ ရောဂါရှာ‌ဖွေစစ်ဆေးကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ EGC, အာထွာဆောင်း (TV) ဓာတ်မှန်ရိုက်ပေးခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ မျက်မှန်များ အခမဲ့ပြုလုပ်ပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ စစ်ဆေးကုသပေးခြင်း၊ အ‌ရေပြားရော ဂါများစစ်ဆေးကုသပေးခြင်း၊ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊စိတ်ကျန်းမာရေးရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် သွားရောဂါများ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ခံတွင်းရောဂါဝေဒနာရှင်များ လာရောက်ပြသနိုင်သည့်အပြင် လိုအပ်သောလူနာများအား ရန်ကုန်ဆေးရုံးကြီးသို့ လွှဲပြောင်းပေးဖြစ်ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)