တိုက်ကြီးမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်းဖြင့် ရန်ပုံငွေထုတ်ချေးပေး

တိုက်ကြီး ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်းဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေး လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်းဖြင့် ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာတွင်မှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၃ ဖွဲ့၊ ဝက်မွေးမြူရေးလုပ်ကိုင်သူ ၁ ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၄ ဖွဲ့အား ဒုတိယနှစ်စက်ဝန်းစတုတ္ထအကြိမ် ချေးငွေကျပ် သိန်း ၃၂၀ အား မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းတာဝန်ခံတို့က ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)