တွံတေးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့နေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တွံတေး ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ ကျိုက်သလဲကျေးရွာရှိ အ.မ.က(ကျိုက်သလဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံနက်ပိုင်းဟောပြောပွဲတွင် အ.မ.က(​ကျိုက်သလဲ) ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးအောင်က အဖွင့်အမှာစကားများပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ယနေ့လူငယ်နှင့်ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသောအထွေထွေဗဟုသုအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာပေကသာ ကျောင်းသား/ကျောင်းသူများ၏ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်းအဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစား တွေးခေါ်တတ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူရေးရာအကြောင်းနှင့် ဆိုးဆေးအန္တရာယ်အကြောင်း ဟောပြေခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ဝင်းထွဋ်ဦးက"ပြည်ထောင်စုနေ့"ဖြစ်ပေါ်လာပုံ အကြောင်းသိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင် တွံတေး