ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ wifi ကြိုးများ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် (၄) မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် လှော်ကားလမ်းနှင့် ကန်တော်မင်္ဂလာလမ်းထောင့်၌ နိုဝင်ဘာ (၉) ရက် နံနက် (၇) နာရီ (၁၅) မိနစ်ခန့်တွင် wifi ကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ် ခန်‌ကုန်းကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာအုပ်စု၊ ဘုမ္မနိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ရတနာဇေယျုံ ဓမ္မာရုံတွင် ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီက ပြန်လည်စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်  ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ  နိုဝင်ဘာ  ၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရှစ်လအတွင်း ပြည်တွင်းပြည်ပ ဧည့်သည် ၂၇၅၄၆ ဦးဝင်ရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေ  သနပြတိုက်သို့   ပြည်တွင်းပြည်ပလေ့လာရေးခရီးသွားများထံမှ (၈)လအတွင်း ပြတိုက် ဝင်ကြေးကောက်ခံရရှိမှု ကျပ် ၂၉၃၁၉၀၀၀ ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေးဆွေးနွေးပွဲအား နိုဝင်ဘာ ၈ ရက်၊ နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ ပုလဲကူ-ရေဖြူ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၏ကြီးကြပ်မှုဖြင့် ရေဖြူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပုလဲကူ-ရေဖြူလမ်း ၁/၆ မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to