သာယာဝတီမြို့နယ်၌ အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်အတွက် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့‌​သည်။

မြို့သစ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ တပ်ကုန်း(မ)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ ပျော်ဘွယ် ဖေဖော်ဝါရီ ၁၈ မင်းမင်းထွေး(ပျော်ဘွယ်)

ကျောင်းကုန်းမြို့နယ် အ.ထ.က ဒေါင့်ကြီးကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ မိနစ် အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဒေသထွက် ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒေသထွက်ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ၊ နယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်မျိုးမင်းသန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးကြီးသက်ပိုင်ဇော်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

လင်းခေးတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နယ်မြေလုံခြုံရေးအခြေအနေအရ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to