ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်း သိရှိစေရေး စံကွက်ရိတ်သိမ်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်း သိရှိစေရေးအတွက် နိုင်ဝင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း၊ ကွင်းအမှတ် (၈၀၂-ခ) ၊ ဦးပိုင်အမှတ် (၂/၄) ၊ (၃.၅၀) ဧက၊ တောင်သူဦးမောင်ဆန်း၏ အောင်နိုင်တိုးမိုးစပါးအား စံကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။