ကော့ကရိတ်မြို့တွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

ကော့ကရိတ် ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများ စားဝတ်နေရေးလွယ်ကူအဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိပြီး ယနေ့နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်၊ အောက်ပအိုဝ်စုရှိ ရပ်ကွက်နေပြည်သူများထံသို့ စားသုံးဆီများရောင်းချပေးရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် အမှတ် (၅) ရပ်ကွက်၊ အောက်တောင်သူစုရှိ အခြေခံစားသုံးသူပြည်သူများအား စားသုံးဆီ (၁) ပိဿ ၈၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၀၀) စုတို့အား တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ရာ လာရောက်ဝယ်ယူသူပြည်သူများအား လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်’’ အသိပညာပေးလက်ကမ်းစာစောင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)