ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦးရေးသားသည့် “မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင်နှင့်အခြားကျန်းမာရေး‌ဆောင်းပါးများ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှတာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီအချိန်၌ လိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ခရိုင်/မြိုနယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့၌ ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲနှင့် သင်တန်းပို့ချခြင်း  အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ဦးတည်အုပ်စုများနှင့်ပတ်သတ်၍ ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲ အခမ်းအနားနှင့် သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ညောင်ဝန်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)ခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ညောင်ဝန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ G-1 ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် G-1 ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ပတ္တာကျေးရွာတွင် စိုက်ပျိုးထားသော  ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးထားရှိရာ ပတ္တာကျေးရွာ ကွင်းအမှတ် (၂၀၉-ခ) ‌တောင်သူဦးမျိုး စိုက်ပျိုးထားသော ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

မိုင်းဆတ်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ လိပ်ဥချောင်း-ထောင်ဖီး-ဘလက်တောလမ်းရှိ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စုရှိ လိပ်ဥချောင်း-ထောင်ဖီး-ဘလက်တောလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကော့သောင်းခရိုင် ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးသူရိန်ထွန်း၊ ဘုတ်ပြင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၀)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင် အခမ်းအနားတက်ရောက်၍ စာအောင်ဆုများဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ သုဓမ္မာဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၇၀)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖူးမြော်ကြည်ညို၍ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to