မုဒုံ ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီကစတင်၍ ရွှေဟင်္သာခန်းမ၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များထုတ်ပေးနေမှုများကို မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ မဲရုံ (၁၀၀) အတွက် MEVM မဲပေးစက်များ၊ အရန်စက်များနှင့် မဲရုံသုံးပစ္စည်းများအား အမှားအယွင်း မရှိစေရန် စနစ်တကျထုတ်ပေးလျက်ရှိသည်။
မုဒုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာ (၄၂)အုပ်စုတွင် မဲရုံစုစုပေါင်း (၁၀၀) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)