ဗဟန်းမြို့နယ်တွင် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ကျောက်ဆည်ဓမ္မာရုံ၌ လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ 10-Rows Seeder (မျိုးစေ့ချစက်)ဖြင့် နွေစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအမှတ် (၄၈) စက်မှုလယ်ယာစခန်းမှ 10-Rows Seeder (မျိုးစေ့ချစက်) ဖြင့် နွေစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းကသပြေတန်းကျေးရွာ၊ ကွင်းအမှတ် (၃၇၈) တောင်သူ ဒေါ်မွှေး၏ လယ်(၄) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်အဆင့် ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း အသိပေးရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ အ.မ.ကမိုးနိုင်းတောင်ကျောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်း‌ကျေးရွာအုပ်စုရှိ အ.မ.ကမိုးနိုင်းတောင်ကျောင်း၌ ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည် ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပင်းတားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကျေးရွာများအရောက် ကွင်းဆင်းစိစစ်မှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်း စိစစ်မှုများကို ဖေဖော်ဝါရီလအတွင်း စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒါးဆွယ်ကန်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အုတ်ကျင်းရပ်၊ အကွက်အမှတ် (၄၀၅- A)ရှိ နေအိမ်များအား မီးသတ်ဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ စဉ်ဆက်မပြတ်ပညာရေး စာသင်ဝိုင်းများသင်ကြားနေမှုအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အတွင်း စဉ်ဆက်မပြတ် ပညာရေးသင်ကြားနေသည့် စာသင်ဝိုင်းများသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယမန်​နေ့ နံနက်ပိုင်းတွင် စုရပ်အသီးသီးသို့ သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သန်လျင်၌ စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက် လေးထပ်ပရိယတ္တိစာသင်တိုက် ဂိုဏ်းပေါင်းစုံထေရဝါဒပရိယတ္တိသာသနာ့ဟိတအသင်းမှကျင်းပသော နဝမအကြိမ်မြောက် သာမဏေကျော်လင်္ကာရနှင့်ဝိနယာလင်္ကာရ ဂုဏဝိသိဌ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံက် ၉ နာရီတွင် အဆိုပါစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to