ထန်းတပင်မြို့နယ်တွင် ပြည်သူများအား ဒို့အတူမဲပေးကြမယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လူအသွားအလာများပြားသည့် ကျူတောလမ်းဆုံ၊ ထန်းတပင်မြို့မစျေး၊ YBS 52 ကားဂိတ်၊ အေးရွာလေးလမ်းဆုံနှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။