ပျော်ဘွယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒီဇင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရန် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှတ်ပုံတင်ထားရှိသော နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်ခရိုင်  ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွှေတောင်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသော နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။

တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများ ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြိုင်ပွဲများ ကျင်းပသည်။

ရွှေကျင်မြို့တွင် အမျိုးသားနေ့အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ရှမ်းကြေးရပ်ကွက်အတွင်းရှိ မဟာပညာ့ဗိမာန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Woman Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ (Book Club) ၊ (Woman Club)အဖွဲ့များပူးပေါင်း၍ လူအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်ဇောဟိန်း ရေးသားသည့် "တစ်သက်တာ ကျန်းမာရေးအကြံပေး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်‌ရေးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်၊ ရေခဲတောင်သွားလမ်းနှင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။

ညောင်ရွှေ၌  မဲစာရင်းများပြည့်စုံမှန်ကန်ရေး ပြန်လည်စစ်ဆေး ဆောင်ရွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပင်လုံမြို့၌ မိုးစံပါးအထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ (DRUM SEEDER) မိုးစပါးစံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ပင်လုံမြို့၌ မိုးစံပါးအထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ (DRUM SEEDER) မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စုကွင်းအမှတ် (၃၇)၊ ဦးပိုင်အမှတ်(၁)​တောင်သူ ဦးစိုင်းလုံ၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၌  ၁၈နှစ်နှင့်အထက် မဲပေးနိုင်သည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခြေခံမဲဆန္ဒရှင်စာရင်းအမည်များကို  အောက်တိုဘာ ၃၀ ရက်က ပထမအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီး ယခုဒုတိယအကြိမ်၌ မဲစာရင်းပြည့်စုံမှန်ကန်နိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Subscribe to