မချမ်းဘော ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ လွှဲပြောင်းဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မလိခခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဖြန့်ဝေရာတွင် မဲရုံတွင်အသုံးပြုမည့် မဲရုံဆိုင်းဘုတ်များ၊ မဲပုံးများ၊ မဲလက်မှတ်သိမ်းဆည်းပုံးများ၊ ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး၊ မဲရုံတာဝန်ကျဝန်ထမ်းများ ကပ်ထားရန်စတေကာများ၊ မှင်ဘူး၊ ဘောပင်၊ စက္ကူလိပ်စသည့်ပစ္စည်းများနှင့် မဲပေးစက်(၁၁၆)တို့ကို မဲရုံပေါင်း(၁၄)ရုံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြန့်ဝေရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအဂျွန်ရှင်းနှင့်အဖွဲ့ဝင်များ ကလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)