မှော်ဘီမြို့နယ်၌ ရပ်ကွက်ကျေးရွာစာ ကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးနှင့် မော်ပီဆရာသိန်းစာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်အချိန်က မော်ပီသိန်းစာကြည့်တိုက်ခန်းမ၌ ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများတွေ့ဆုံပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်"အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ယ‌နေ့နံနက်ပိုင်းက မနော်ရမ္မံညဈေး၊ မနော်ရမ္မံအားကစားကွင်းနှင့် လူစည်းကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာနေပြည်သူများ ကြိုတင်ဆန္ဒမဲများ စတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာနေမဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပျောက်ဆုံး၊ပျက်စီးသူများ ကွင်းဆင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

တောင်ဥက္ကလာပမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ရပ်ကွက်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ လာရောက်ထုတ်ယူ

သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ပြုလုပ်သည်။

ပဲခူးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပဲခူး)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်း CONVOCATION HALL တွင် ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ ကယားပြည်နယ်ကိုယ်စားပြုတက်ရောက်မည့် လူငယ်များအား ဂုဏ်ပြုချီးမြှင့်

ကယား ပြည်နယ်လူငယ်ရေးရာကော်မတီမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်ထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ၌ ကျင်းပမည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ပြည်နယ်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၈ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုလူငယ်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) တွင် ကျင်းပပြုလုပ်မည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုလူငယ်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ (၃) တွင် ကျင်းပသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံး၌ MEVM အီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံး၌ MEVM အီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးချုပ်ရှိ စန္ဒကူးခန်းမတွင် ကျင်းပသည်။
Subscribe to